ကိုယ်ရေးအချက်အလက်လုံခြုံမှုနှင့် လျှို့ဝှက်ချက်

Last updated on May 14, 2017

www.mingalarletphwet.com မှ ကြိုဆိုပါသည်။ ကျွန်ုပ်တို့က လူကြီးမင်းရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို လေးစားပြီး လူကြီးမင်းရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်ပေးလိုပါသည်။

ဤကိုယ်ရေးအချက်အလက်ထိန်းသိမ်းမှုမူဝါဒ (Privacy Policy) တွင် လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့က မည်သို့ ကောက်ယူ အသုံးပြုပြီး (စိတ်ချရသော အခြေအနေများအောက်တွင်) မည်သို့ပြသမည်ဆိုသည်ကို ရှင်းပြထားပါသည်။ ဤကိုယ်ရေးအချက်အလက်ထိန်းသိမ်းမှုမူဝါဒတွင် လူကြီးမင်း၏ ကိုယ်ရေးအချက်များ လုံခြုံစေရန်အတွက် ကျွနု်ပ်တို့ဘက်မှ လုပ်ဆောင်သွားသည့် အဆင့်များကိုလည်း ရှင်းလင်းထားပါသည်။ နောက်ဆုံးတွင် ဤကိုယ်ရေးအချက်အလက်ထိန်းသိမ်းမှုမူဝါဒတွင် လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များ ကောက်ယူခြင်း၊ အသုံးပြုခြင်းနှင့် ပြသခြင်းတို့နှင့် စပ်လျဉ်းပြီး လူကြီးမင်းအတွက် ရွေးချယ်စရာများကိုလည်း ရှင်းလင်းထားပါသည်။ ဤဝက်ဘ်ဆိုဒ်ကို လာရောက်ကြည့်ရှုခြင်းအားဖြင့် ဤမူဝါဒတွင် ဖော်ပြထားသော လုပ်ထုံးလုပ်နည်းများကို လက်ခံရမည် ဖြစ်ပါသည်။

အချက်အလက်များ ကာကွယ်ပေးမှုမှာ ယုံကြည်မှုအတွက် အရေးပါသော အရာတစ်ခုဖြစ်ပြီး လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုမှာ ကျွန်ုပ်တို့အတွက် အရေးကြီးပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် လူကြီးမင်း၏ အမည်နှင့် လူကြီးမင်းနှင့် သက်ဆိုင်သော အခြားသတင်းအချက်အလက်များကို ဤကိုယ်ရေးအချက်အလက် ထိန်းသိမ်းမှုမူဝါဒတွင် ဖော်ပြထားသော ပုံစံဖြင့်သာ အသုံးပြုမည်ဖြစ်ပါသည်။

လူကြီးမင်း၏ သတင်းအချက်အလက်များကို ကျွန်ုပ်တို့အတွက် ဥပဒေအရ လိုအပ်သော သို့မဟုတ် အချက်အလက် ကောက်ယူရခြင်း ရည်ရွယ်ချက်နှင့် သက်ဆိုင်နေသော အချိန်အထိသာ ထိန်းသိမ်းထားမည် ဖြစ်ပါသည်။

မည်သည့် ကိုယ်ရေးအချက်အလက်မှ ပေးစရာမလိုဘဲ ဤဝက်ဆိုဒ်ကို ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။ ဤဝက်ဘ်ဆိုဒ်သို့ လူကြီးမင်း လာရောက်ကြည့်ရှုနေချိန်တွင် လူကြီးမင်း မည်သူမည်ဝါဆိုသည်ကို မည်သူမှ သိရှိလိမ့်မည် မဟုတ်သကဲ့သို့ လူကြီးမင်းက ဆိုဒ်တွင် အကောင့်ဖွင့်ပြီး အသုံးပြုသူအမည်နှင့် လျှို့ဝှက်ကုတ် ရိုက်ထည့်ကာ ဝင်ရောက်အသုံးပြုခြင်းမရှိလျှင် ကျွန်ုပ်တို့က လူကြီးမင်း မည်သူဆိုသည်ကို သိနိုင်မည် မဟုတ်ပါ။

၁။ ကျွန်ုပ်တို့ ကောက်ယူသော အချက်အလက်များ

လူကြီးမင်းက မှတ်ပုံတင်ရန် သို့မဟုတ် ကျွန်ုပ်တို့ဆိုဒ်တွင် ပစ္စည်းတစ်ခုခုကို မှာကြားရန် ပြုလုပ်မှသာ သတင်းအချက်အလက်များကို ကျွန်ုပ်တို့က ကောက်ယူနိုင်ပါသည်။

လူကြီးမင်း၏ အချက်အလက်များကို ကျွန်ုပ်တို့ ကောက်ယူ၊ သိမ်းစည်းရခြင်းမှာ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်တွင် လူကြီးမင်း မှတ်ပုံတင်ရန် သို့မဟုတ် ဝယ်ယူရန် နှင့် အခြားသော နောက်ပိုင်းဖြစ်နိုင်ခြေရှိသည့် ကိစ္စရပ်များအတွက်နှင့် လူကြီးမင်းကို ဝန်ဆောင်မှုပေးရန်အတွက် ဖြစ်ပါသည်။ လူကြီးမင်း၏ ဂုဏ်ဒြပ်၊ အမည်၊ ကျား/မ၊ မွေးသက္ကရာဇ်၊ အီးမေးလ်လိပ်စာ၊ စာပို့ရန်လိပ်စာ၊ ပစ္စည်းပေးပို့ရန်လိပ်စာ (စာပို့ရန်လိပ်စာနှင့်မတူညီလျှင်)၊ တယ်လီဖုန်းနံပါတ်၊ မိုဘိုင်းဖုန်းနံပါတ်၊ ဖက်စ်နံပါတ်၊ ငွေပေးချေမှုအချက်အလက်များ၊ ငွေပေးချေသည့် ကတ်အချက်အလက်များ သို့မဟုတ် ဘဏ်ငွေစာရင်းအချက်အလက်များ အပါအဝင် ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့က ကောက်ယူခြင်း ရှိနိုင်ပါသည်။

လူကြီးမင်း၏ မှာယူမှုကို ဆောင်ရွက်ရန်နှင့် လူကြီးမင်းအား ဝန်ဆောင်မှုပေးရန်အတွက် ပေးအပ်သော အချက်အလက်များနှင့် ကျွန်ုပ်တို့ဝက်ဘ်ဆိုဒ်မှတစ်ဆင့် လူကြီးမင်းပေးသော အချက်အလက်များကို ကျွန်ုပ်တို့က အသုံးပြုမည်ဖြစ်ပါသည်။ ထို့အပြင် လူကြီးမင်းပေးသော အချက်အလက်များကို ကျွန်ုပ်တို့ဝက်ဘ်ဆိုဒ်ရှိ လူကြီးမင်း၏ အကောင့်ကို စီမံရန်၊ လူကြီးမင်းပြုလုပ်သော ပေးချေမှုများနှင့် ပတ်သက်ပြီး ငွေကြေးကိစ္စ စစ်ဆေးဆောင်ရွက်ရန်၊ ကျွနု်ပ်တို့ဝက်ဘ်ဆိုဒ်မှ အချက်အလက်များ ဒေါင်းလုပ်လုပ်ခြင်းကို စစ်ဆေးရန်၊ ကျွန်ုပ်တို့ဝက်ဘ်ဆိုဒ်မှ စာမျက်နှာများရှိ ဒီဇိုင်း နှင့်/သိုု့မဟုတ် မာတိကာကို မွမ်းမံရန်နှင့် အသုံးပြုသူများအတွက် ၎င်းတို့ကို စိတ်ကြိုက်ဖန်တီးပေးရန်၊ ကျွန်ုပ်တို့ ဝက်ဘ်ဆိုဒ်ကို လာရောက်ကြည့်ရှုသူမှာ မည်သူမည်ဝါဆိုသည်ကို သိရှိရန်၊ ကျွန်ုပ်တို့၏အသုံးပြုသူများ၏ အသက်အပိုင်းအခြားအလိုက် သုတေသနပြုလုပ်ရန်၊ လူကြီးမင်းအတွက် အသုံးဝင်နိုင်သည်ဟု ထင်သော အချက်အလက်များကို ပေးပို့ရန် သို့မဟုတ် လူကြီးမင်း တောင်းဆိုသောအချက်အလက်များကို ပေးပို့ရန်အတွက် အသုံးပြုမည် ဖြစ်ပါသည်။ အချက်အလက်များပေးပို့ရန်ဆိုရာတွင် ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုနှင့် ပတ်သက်သော အချက်အလက်များပါဝင်ပါသည်။ ယင်းအကြောင်းအရာများအတွက် လူကြီးမင်းအား ဆက်သွယ်သည်ကို လူကြီးမင်းဘက်က ကန့်ကွက်ခြင်းမရှိဟု ညွှန်ပြမှသာလျှင် ပေးပို့မည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အခြားပစ္စည်းများနှင့် ဝန်ဆောင်မှု အသေးစိတ်ကို လူကြီးမင်းကို အီးမေးလ်ကတစ်ဆင့် ကျွန်ု်ပ်တို့ဘက်မှ ဆက်သွယ်နိုင်ပါသည်။

လူကြီးမင်းအား ပစ္စည်းပေးပို့ရန်အတွက် လူကြီးမင်း၏ အမည်နှင့် လိပ်စာကို တခြားတစ်ဦးတစ်ယောက်အား ပေးနိုင်ပါသည် (ဥပမာ ကျွနု်ပ်တို့၏ပစ္စည်းပေးပို့သူ သို့မဟုတ် ပစ္စည်းရောင်းချသူ)။ ကျွနု်ပ်တို့အား မှန်ကန်သော အချက်အလက်များကိုသာ လူကြီးမင်းက ပေးပို့ရမည်ဖြစ်ပြီး ပြောင်းလဲမှုတစ်စုံတရာရှိပါက ကျွန်ု်ပ်တို့ကို အကြောင်းကြားရမည်ဖြစ်ပါသည်။

လူကြီးမင်း၏ ပစ္စည်းမှာယူမှုအသေးစိတ်ကို ကျွန်ုပ်တို့က သိမ်းစည်းထားနိုင်သော်လည်း လုံုခြုံရေးအကြောင်းရင်းများ ကြောင့် ကျွန်ုပ်တို့ဘက်မှ တိုက်ရိုက်ရယူနိုင်ခြင်း မရှိပါ။ သို့သော် ကျွန်ုပ်တို့၏ဝက်ဘ်ဆိုဒ်ရှိ လူကြီးမင်း၏အကောင့် ထဲသို့ ဝင်ရောက်၍ ယင်းအချက်အလက်များကို လူကြီးမင်းက ရယူနိုင်ပါသည်။ ယင်းနေရာတွင် ပြီးဆုံးသွားသော လူကြီးမင်း၏ မှာယူမှု အချက်အလက်များကို လူကြီးမင်းကိုယ်တိုင် ကြည့်ရှုနိုင်ပြီး လူကြီးမင်း၏ လိပ်စာအချက်အလက်များကို စီမံနိုင်ပါသည်။ လူကြီးမင်း၏ အကောင့်ကို ဝင်ရောက်ရန် အချက်အလက်များကို လူကြီးမင်းဘက်မှ လျှို့ဝှက်ထားရမည် ဖြစ်ပြီး မသက်ဆိုင်သော တခြားသူများ ဝင်ရောက်နိုင်ခြင်းမရှိအောင် ပြုလုပ်ထားရပါမည်။ လျှို့ဝှက်ကုတ်နံပါတ် အလွဲသုံးစားလုပ်ခြင်းနှင့် ပတ်သက်၍ ကျွန်ုပ်တို့အမှားမဟုတ်လျှင် ယင်းအတွက် ကျွန်ုပ်တို့တွင် တာဝန်မရှိပါ။

လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို အခြားအသုံးပြုမှုများ

လူကြီးမင်း၏ ကိုယ်ေရေးအချက်အလက်များကို သဘောထားခံယူချက်နှင့် ဈေးကွက် သုတေသနအတွက် အသုံးပြုနိုင်ပါသည်။ လူကြီးမင်း၏အချက်အလက်များကို အမည်ဖော်ပြခြင်းရှိမည်မဟုတ်ဘဲ စာရင်းဇယားပြုစုခြင်း အတွက်သာ အသုံးပြုမည် ဖြစ်ပါသည်။ သုတေသနမှ လူကြီးမင်းဘက်မှ နှုတ်ထွက်မည်ဟု ကြိုက်သည့်အချိန်တွင် ရွေးချယ်နိုင်ပါသည်။ လူကြီးမင်းအား ကျွန်ုပ်တို့ မေးနိုင်သော စစ်တမ်းကောက်ယူမှု သို့မဟုတ် သဘောထားကောက်ခံမှု အဖြေများကို အခြားမသက်ဆိုင်သူများအား တစ်ဆင့်ပေးခြင်း ပြုလုပ်မည် မဟုတ်ပါ။

လူကြီးမင်းအား ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်၊ ကုန်ပစ္စည်း၊ သတင်းလွှာစသည့် ကျွန်ုပ်တို့အကြောင်း အချက်အလက်များလည်း ပေးပို့နိုင်ပါသည်။

ကျွန်ုပ်တို့ဝက်ဘ်ဆိုဒ်အား အသုံးပြုသူများ၏ အချက်အလက်များကို အများအားဖြင့် အမည်မဖော်ပြဘဲ အမျိုးမျိုးသော ရည်ရွယ်ချက်ဖြင့် အသုံးပြုနိုင်ပါသည်။ ယင်းတို့ထဲတွင် အသုံးပြုသူများ၏ နေရာအကြမ်းဖျဉ်းကို လေ့လာစစ်ဆေးခြင်း၊ ကျွန်ုပ်တို့ဝက်ဘ်ဆိုဒ် သို့မဟုတ် ဝက်ဘ်ဆိုဒ်တွင် မှတ်ပုံတင်ထားသော အီးမေးတစ်စောင်တွင် ပါဝင်သော လင့်ခ်တစ်ခု၏ တချို့သောရှုထောင့်များအတွက် အသုံးပြုခြင်းနှင့် ပုံနှိပ်ထုတ်ဝေသူစသော အခြားသူများအား အည်မဖော်ပြသော အချက်အလက်များ ပေးခြင်းတို့ ပါဝင်သည်။ သို့သော် ယင်းအမည်မဖော်ပြသော အချက်အလက်များမှာ လူကြီးမင်း မည်သူမည်ဝါဆိုသည်ကို ဖော်ထုတ်နိုင်ခြင်းရှိမည် မဟုတ်ပေ။

တိုက်ရိုက်မသက်ဆိုင်သူများနှင့် လင့်ခ်များ

ကျွန်ုပ်တို့၏လုပ်ငန်းကို ကူညီပံ့ပိုးရန်အတွက် ကျွန်ုပ်တို့၏ အေးဂျင့်များနှင့် တစ်ဆင့်ခံကန်ထရိုက်များအား လူကြီးမင်း၏ အချက်အလက်များကို ပေးနိုင်သည်။ ယင်းသို့ပြုလုပ်ရာတွင် ကျွန်ုပ်တို့၏ Privacy Policy တွင် ဖော်ပြသော လူကြီးမင်း၏ အချက်အလက်များကို ကျွန်ုပ်တို့အသုံးပြုမည့်ပုံစံနှင့် လျှော်ညီစေမည် ဖြစ်ပါသည်။ ဥပမာ - လူကြီးမင်းဆီ ပစ္စည်းများပေးပို့ရာတွင် ကျွန်ုပ်တို့ကို ကူညီလုပ်ဆောင်ရန်၊ လူကြီးမင်းဆီမှ ငွေပေးချေမှုကောက်ခံရာတွင် ကျွန်ုပ်တို့အား ကူညီရန်၊ အချက်အလက်များ လေ့လာစိစစ်ရန်နှင့် ကျွန်ုပ်တို့အား ဈေးကွက်ရှာဖွေရန်အတွက် သို့မဟုတ် ဖောက်သည်ဝန်ဆောင်မှုအတွက် ကူညီပေးရန်အတွက် အခြားကုမ္ပဏီ/လုပ်ငန်းများကို အသုံးပြုနိုင်ပါသည်။

လိမ်လည်မှုကို ကာကွယ်ရန်နှင့် ငွေကြေးပြဿနာလျှော့ချရန်အတွက် အခြားကုမ္ပဏီများနှင့် အချက်အလက် ဖလှယ်နိုင်ပါသည်။ ကျွန်ုပ်တို့၏လုပ်ငန်း သို့မဟုတ် လုပ်ငန်းတစ်စိတ်တစ်ဒေသကို ရောင်းချလျှင် လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်အပါအဝင် ကျွန်ုပ်တို့၏ အချက်အလက်များကို လွှဲပြောင်းပေးနိုင်ပါသည်။ ဤ Privacy Policy တွင် ဖော်ပြထားသည်မှလွဲ၍ ဤ Privacy Policy တွင် ဖော်ပြထားသော ရည်ရွယ်ချက်များအတွက် လိုအပ်ခြင်း မရှိလျှင် သို့မဟုတ် ဥပဒေအရ အသုံးပြုရန် လိုအပ်ခြင်းမရှိလျှင် လူကြီးမင်းထံမှ တင်ကြို ခွင့်ပြုချက်မတောင်းခံဘဲ တခြားမသက်ဆိုင်သူများထံ လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို ရောင်းချခြင်း သို့မဟုတ် ပေးခြင်းပြုလုပ်မည် မဟုတ်ပါ။ ဤဝက်ဘ်ဆိုဒ်တွင် အခြားသူများ၏ လုပ်ငန်းများကို ကြော်ငြာခြင်းနှင့် အခြား ဝက်ဘ်ဆိုဒ်များ၏ လင့်ခ်များ သို့မဟုတ် အခြားဝက်ဘ်ဆိုဒ်များ၏ ဖရိန်များ ပါဝင်နိုင်ပါသည်။ ယင်းအခြားသူများ သို့မဟုတ် အခြားဝက်ဘ်ဆိုဒ်များ၏ ကိုယ်ရေးအချက်အလက်ဆိုင်ရာ အလေ့အထ သို့မဟုတ် မာတိကာအတွက် သို့မဟုတ် ကျွန်ုပ်တို့၏ Privacy Policy နှင့်အညီ လူကြီးမင်း၏ အချက်အလက်များကို ကျွန်ု်ပ်တို့ ပေးအပ်လိုက်သော အခြားသူများအတွက် ကျွန်ုပ်တို့တွင် တာဝန်မရှိကြောင်း သတိပြုစေလိုပါသည်။

၂။ ကွတ်ကီးများ (cookies)

ကျွန်ုပ်တို့ဝက်ဘ်ဆိုဒ်သို့ လာရောက်ကြည့်ရှုခြင်းအတွက် cookies များ လက်ခံရရှိရန် မလိုအပ်ပါ။ သို့သော် ဝက်ဘိုဒ်ရှိ basket ဖန်ရှင်ကို အသုံးပြုပြီး ပစ္စည်းမှာယူခြင်းက cookies ရရှိအောင် ပြုလုပ်လိုက်သလို ဖြစ်နိုင်သည်ဆိုသည်ကို ထုတ်နှုတ်ပြောကြားလိုပါသည်။ Cookies မှာ ဆိုဒ်ပေါ်ရှိ အချို့သောစာမျက်နှာများကို ကြည့်ရှုသည့်အခါ လူကြီးမင်း ကွန်ပျူတာအား ကျွန်ုပ်တို့၏ဆာဗာသို့ အသုံးပြုသူတစ်ဦးအဖြစ် ဖော်ပြပေးသော စာဖိုင်လေးများဖြစ်ပါသည်။ ၎င်းတို့ကို လူကြီးမင်း၏ ကွန်ပျူတာ ဟာ့ဒရိုက်ရှိ အင်တာနက် browser တွင် သိမ်းဆည်းထားမည် ဖြစ်ပါသည်။ Cookies ကို ဝက်ဘ်ဆိုဒ်ပေါ်သို့ လူကြီးမင်းဝင်ရောက်လိုသည့်အခါ လူကြီးမင်း၏ အချိန်ကုန်သက်သာစေရန်အတွက် လူကြီးမင်း၏ Internet Protocol လိပ်စာကို မှတ်မိစေရန် အသုံးပြုနိုင်ပါသည်။ လူကြီးမင်းအတွက် ဝက်ဘ်ဆိုဒ်အသုံးပြုရ လွယ်ကူအဆင်ပြေရန်အတွက်သာ Cookies များကို ကျွန်ုပ်တို့အသုံးပြုပါသည်။ လူကြီးမင်းနှင့်ပတ်သက်သော အခြားအချက်အလက်များကို ရရှိရန် သို့မဟုတ် အသုံးပြုရန်အတွက် မဟုတ်ပါ (ဥပမာ-ကြော်ငြာအတွက် ပြစ်မှတ်ထားခြင်း)။ လူကြီးမင်း၏ Browser ကို cookies များ လက်ခံမှုမရှိရန် ပြုလုပ်ထားနိုင်ပါသည်။ သို့သော် ယင်းမှာ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်အား လူကြီးမင်း၏ အသုံးပြုမှုကို ကန့်သတ်သကဲ့သို့ ဖြစ်ပါလိမ့်မည်။ ကျွန်ုပ်တို့၏ cookies အသုံးပြုမှုမှာ အခြား ပုဂ္ဂိုလ်ရေး သို့မဟုတ် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရရှိရန်မဟုတ်ကြောင်းနှင့် ဗိုင်းရက်စ်ကင်းစင်ကြောင်း အာမခံပါသည်။ Cookies အကြောင်း အချက်အလက်များ ပိုမိုသိရှိလိုပါက http://www.allaboutcookies.org တွင် ကြည့်ရှုပါ။ သို့မဟုတ် လူကြီးမင်း၏ Browser မှ ယင်းတို့ကို ဖယ်ရှားသည့်အကြောင်း သိရှိလိုပါက http://www.allaboutcookies.org/manage-cookies/index.html တွင် ကြည့်ရှုပါ။

ဤဝက်ဘ်ဆိုဒ်မှ Google, Inc. ("Google") မှ ပံ့ပိုးသည့် ဝက်ဘ်ဆိုဒ်လေ့လာစိစစ်မှုဝန်ဆောင်မှု တစ်ခုဖြစ်သော Google Analytics ကို အသုံးပြုပါသည်။ Google Analytics က cookies ကို အသုံးပြုပါသည်။ ယင်းမှာ အသုံးပြုသူများက ဝက်ဘ်ဆိုဒ်ကို မည်သို့ အသုံးပြုကြောင်း ဝက်ဘ်ဆိုဒ်လေ့လာစိစစ်မှုကို ကူညီရန် လူကြီးမင်း၏ ကွန်ပျူတာတွင် စာဖိုင်များ ထားရှိပေးပါသည်။ လူကြီးမင်း၏ ဝက်ဘ်ဆိုဒ်အသုံးပြုကြောင်း (လူကြီးမင်း၏ IP address အပါအဝင်) cookies မှ ထုတ်လုပ်ပေးသော အချက်အလက်များမှာ အမေရိကန်ပြည်ထောင်စုရှိ ဆာဗာများသို့ ပို့ဆောင်ပြီး Google က သိမ်းဆည်းသွားမည် ဖြစ်ပါသည်။ Google က ယင်းအချက်အလက်များကို လူကြီးမင်း၏ ဝက်ဘ်ဆိုဒ်အသုံးပြုမှုကို အကဲဖြတ်ရန်၊ ဝက်ဘ်ဆိုဒ်အော်ပရေတာများအတွက် ဝက်ဘ်ဆိုဒ်လှုပ်ရှားမှုနှင့် ပတ်သက်ပြီး သတင်းပေးပို့ရန်နှင့် ဝက်ဘ်ဆိုဒ်လှုပ်ရှားမှုနှင့် အင်တာနက်အသုံးပြုမှုနှင့် စပ်လျဉ်းပြီး အခြားဝန်ဆောင်မှုများ ပြုလုပ်ရန် အသုံးပြုလိမ့်မည် ဖြစ်သည်။ ယင်းအချက်အလက်များကို ဥပဒေအရ လိုအပ်လာပါက သို့မဟုတ် Google ကိုယ်စား အချက်အလက်များကို စီမံဆောင်ရွက်ရမည့် အခြားသူများရှိပါက Google က အခြားသူများကို လွှဲပြောင်းပေးနိုင်သည်။ လူကြီးမင်း၏ IP address ကို Google က ထိမ်းသိန်းထားသော အခြားအချက်အလက်များနှင့် ဆက်စပ်လိမ့်မည် မဟုတ်ပါ။ လူကြီးမင်း၏ Browser တွင် cookies အသုံးမပြုရန် Setting ပြောင်းလဲနိုင်ပါသည်။ သို့သော် ယင်းသို့ ပြုလုပ်လျှင် ဤဝက်ဘ်ဆိုဒ်ကို အပြည့်အဝအသုံးပြုနိုင်လိမ့်မည်မဟုတ်ကြောင်း သတိပြုစေလိုပါသည်။ ဤဝက်ဘ်ဆိုဒ်ကို အသုံးပြုခြင်းဖြင့် Google မှ လူကြီးမင်း၏ အချက်အလက်များ နှင့် အထက်တွင်ဖော်ပြထားသော အကြောင်းအရာများအတွက် စီမံဆောင်ရွက်ခြင်းကို လူကြီးမင်းအနေနဲ့ သဘောတူထားပါသည်။

၃။ လုံခြုံစိတ်ချရမှု

လူကြီးမင်း၏ အချက်အလက်များအား တာဝန်မရှိဘဲ သို့မဟုတ် ဥပဒေနှင့်အညီမဟုတ်ဘဲ အသုံးပြုခြင်းမှစ၍ အမှတ်မထင် ဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးခြင်းမရှိအောင် ကျွန်ုပ်တို့ဘက်မှ သင့်လျော်သော နည်းပညာနှင့် လုံခြုံရေး ဆောင်ရွက်ချက်များ ထားရှိပါသည်။ ဝက်ဘ်ဆိုဒ်မှတဆင့် အချက်အလက်များ စုဆောင်းသည့်အခါ လုံခြုံစိတ်ချရသော ဆာဗာပေါ်တွင် လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို သိမ်းဆည်းပါသည်။ ကျွနု်ပ်တို့၏ဆာဗာများတွင် firewalls အသုံးပြုပါသည်။ ကျွန်ုပ်တို့၏ လုံခြုံရေးလုပ်ငန်းစဉ်များအရ ကိုယ်ရေးအချက်အလက်များ မဖော်ပြမီ လူကြီးမင်းထံ အထောက်အထားမှန်ကန်ကြောင်း သက်သေကို ကျွနု်ပ်တို့ဘက်မှ ရံဖန်ရံခါ တောင်းဆိုနိုင်ပါသည်။ လူကြီးမင်း၏ လျှို့ဝှက်နံပါတ် (Password) နှင့် လူကြီးမင်း၏ ကွန်ပျူတာအား ခွင့်ပြုချက်မရဘဲ ဝင်ရောက်မှုမရှိအောင် ကာကွယ်ထားရန်မှာ လူကြီးမင်း၏ တာဝန်သာ ဖြစ်ပါသည်။

၄။ လူကြီးမင်း၏ အခွင့်အရေးများ

လူကြီးမင်း၏ အချက်အလက်များအတွက် စိုးရိမ်ပူပန်လျှင် လူကြီးမင်းနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့ ထိန်းသိမ်းထားနိုင်သော သို့မဟုတ် စီမံဆောင်ရွက်နိုင်သော ကိုယ်ရေးအချက်အလက်များကို တောင်းဆိုခွင့် လူကြီးမင်းတွင် ရှိပါသည်။ လူကြီးမင်း၏ အချက်အလက်များနှင့် ပတ်သက်ပြီး မမှန်ကန်သည်များကို ပြုပြင်ပေးရန် အခကြေးငွေ ပေးစရာမလိုဘဲ ကျွန်ုပ်တို့ကို တောင်းဆိုခွင့် လူကြီးမင်းတွင် ရှိပါသည်။ မည်သည့်အချိန်တွင်မဆို လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို တိုက်ရိုက် ဈေးကွက်ချဲ့ထွင်မှု ရည်ရွယ်ချက်များဖြင့် အသုံးပြုခြင်းကို ရပ်တန့်ရန် ကျွန်ုပ်တို့ကို တောင်းဆိုခွင့်လည်း လူကြီးမင်းတွင် ရှိပါသည်။