လက်ဆောင်အမျိုးအစားများ အလှူဒါန တစ်နေ့တာပုဂံဘုရားဖူးအလည်အပတ်ခရီးစဉ်နှင့်နေ့လယ်စာလှူဒါန်းခြင်း

တစ်နေ့တာပုဂံဘုရားဖူးအလည်အပတ်ခရီးစဉ်နှင့်နေ့လယ်စာလှူဒါန်းခြင်း

By Donation,

MMK 500,000
Choose your options
Description

ဤခရီးစဉ်တွင်ပုဂံရှိတန်ခိုးကြီးဘုရားများနှင့်အနီးပတ်ဝန်းကျင်သို့သွားရောက်လည်ပတ်နိုင်ရန် သီးသန့်အဲကွန်းကားတစ်စီးနှင့် ယာဉ်မောင်းတစ်ယောက်စီစဉ်ထားရှိပေးထားပါသည်။ Package ဈေးနှုန်းတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ သံဃာတော်၈ပါးနှင့် ကျောင်းသားအယောက် ၃၈၀ မှ ၅၀၀အထိကို နေ့လယ်စာ အလှူဒါနပြုရန် ကုန်ကျငွေပါတစ်ပါတည်း ပါဝင်ပြီးဖြစ်ပါသည်။ မနက်၉နာရီတွင်မိမိတည်းခိုသည့်ဟိုတယ်မှစ,တင်ထွက်ခွာပြီး ထူးခြားပြောင်မြောက်သော ကနုတ်လက်ရာများကြောင့် ကျော်ကြားသော ဂူပြောက်ကြီးဘုရားသို့ပထမဆုံးပို့ဆောင်ပေးမည်ဖြစ်သည်။ ထို့နောက် ခမ်းနားထည်ဝါသောဗိသုကာလက်ရာကြောင့် ထင်ရှားသော ထီးလိုမင်းလိုဘုရားသို့ဆက်လက်ပို့ဆောင်ပေးမည်ဖြစ်သည်။ ၁၀:၃၀ တွင် ဇေတဝန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့သွားရောက်ပြီး နေ့လယ်စာအလှူဒါနပြုနိုင်မည်ဖြစ်သည်။ ပြီးလျှင်နေ့လယ်စာသုံးဆောင်နိုင်ရန် ဒေသအစားအစာများရရှိနိုင်သော စားသောက်ဆိုင်သို့လိုက်လံပို့ဆောင်ပေးမည်ဖြစ်ပြီး နေ့လယ်စာအတွက်ကုန်ကျငွေမှာ package ထဲတွင်မပါဝင်သည့်အတွက် မိမိဘာသာကျခံရမည်ဖြစ်ပါသည်။ နေ့လယ်စာစားအပြီးတွင် အနားယူနိုင်ရန်ဟိုတယ်သို့ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်သည်။ ညနေ ၃နာရီတွင် ပုဂံရှေးဟောင်းနယ်မြေအတွင်း အထင်ရှားဆုံးနှင့် မူလအခြေအနေအတိုင်း အကောင်းဆုံးထိန်းသိမ်းထားရှိသော အာနန္ဒာဘုရားသို့သွားရောက်မှာဖြစ်ပြီး ယွန်းထည်ပစ္စည်းများရောင်းချသည့်ဆိုင်တစ်ဆိုင်သို့လဲ ပို့ဆောင်ပေးမည်ဖြစ်သည်။ မြန်မာတင်မက ကမ္ဘာမှာပါ ထင်ရှားကျော်ကြားသော ပုဂံ၏နေဝင်ဆည်းဆာအလှကို အပြည့်အဝကြည့်ရှုခံစားပြီးနောက်တွင် ဟိုတယ်သို့ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ** ယခုpackageကိုကျောင်းဖွင့်ရက်များအတွက်သာဝယ်ယူနိုင်ပါသည်။