မင်္ဂလာလက်ဖွဲ့ဝက်ဘ်ဆိုဒ်ကို အသုံးပြုရန် လွယ်ကူစေမယ့် အမေးအဖြေများ

နောက်ဆုံးပြင်ဆင်ခြင်း မေ ၁၄, ၂၀၁၇

www.mingalarletphwet.com ဆိုတဲ့ ကျွန်ုပ်တို့ရဲ့ဝက်ဆိုဒ်ကိုသွားပြီး “Start your gift list” မှာ ကလစ်နှိပ်ပါ။ လူကြီးမင်းကို ဆက်သွယ်လို့ရမယ့် အချက်အလက်အနည်းငယ်နဲ့ မင်္ဂလာဆောင်နေ့ရက်ကို ထည့်သွင်းရပါမယ်။ ဒါဆိုရင်တော့ ကျွန်ုပ်တို့ရဲ့စာရင်းကို ကြည့်ရှုဖို့အတွက် လူကြီးမင်းအနေနဲ့ အသင့်အနေအထား ဖြစ်နေပါပြီ။ မှတ်ပုံတင်ဖို့ နဲ့ လူကြီးမင်းရဲ့စာရင်းကို ပြုလုပ်ဖို့ အကူအညီလိုတယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ရုံးကို လာလို့လည်း ရပါတယ်။
လူကြီးမင်း သို့မဟုတ် လူကြီးမင်းရဲ့ဧည့်သည်တွေအနေနဲ့ ကျွန်ုပ်တို့ရဲ့ဝန်ဆောင်ခအတွက် ပေးစရာမလိုပါဘူး။ ဝန်ဆောင်ခလုံးဝမရှိ၊ လူမသိအောင်ပေးရတဲ့ အခကြေးငွေမရှိ၊ အားလုံး ရိုးရှင်းပွင့်လင်းပါတယ်။
ဒီလုပ်ငန်းစဉ်ပြီးမြောက်အောင်လုပ်ဖို့ ကျွန်ုပ်တို့က လမ်းညွှန်ပေးဖို့အသင့်ပါ။ ကျွန်ုပ်တို့ရဲ့အကြံပေးတွေက စိတ်ရှည်၊ တက်ကြွပြီး ဒီပစ္စည်းတွေနဲ့ မင်္ဂလာဇနီးမောင်နှံအသစ်စက်စက်တွေရဲ့လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ဗဟုသုတ ရှိပါတယ်။ လူကြီးမင်းအတွက် ပုဂ္ဂိုလ်ရေးအကြံပေးနဲ့ ဖုန်းပြောဖို့ ဒါမှမဟုတ် လူချင်းတွေ့ဆုံရန်စီစဉ်ဖို့ ဖုန်းသာ ဆက်လိုက်ပါ။
ပြဿနာမရှိပါဘူး။ လူကြီးမင်းရဲ့ ပုဂ္ဂိုလ်ရေးအကြံပေးဆီသာ ဖုန်းဆက်လိုက်ပါ။ သူတို့က ချက်ချင်းပဲ ဓာတ်ပုံတွေ၊ ကျွန်ုပ်တို့ရဲ့ ချိတ်ဆက်ထားသောဆိုင်တွေကနေ အဲဒီပစ္စည်းကိုယူပြီး လူကြီးမင်းရဲ့လက်ဖွဲ့စာရင်းမှာ ချက်ချင်းတင်ပေးပါလိမ့်မယ်။ လူကြီးမင်းရဲ့ဧည့်သည်တွေကို ဒီစာရင်းပေးပြီးတာတောင် ထပ်ထည့်ပေးလို့ ရပါတယ်။
လူကြီးမင်းရဲ့လက်ဖွဲ့စာရင်းပြုစုပြီးတာနဲ့ လူကြီးမင်းရဲ့ဧည့်သည်တွေက အဲဒီစာရင်းကို www.mingalarletphwet.com မှာ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ လူကြီးမင်းရဲ့ဧည့်သည်တွေကို အီးမေးလ်၊ ဖေ့စ်ဘွတ်တို့မှတဆင့်ပေးဖို့ ဒါမှမဟုတ် လူကြီးမင်းတို့ရဲ့မင်္ဂလာဖိတ်စာမှာ ထည့်သွင်းဖို့အတွက် လင့်ခ်တစ်ခုကို ကျွန်ုပ်တို့ ပေးမှာပါ။
လူကြီးမင်းရဲ့လက်ဖွဲ့စာရင်းကို ပြင်လို့ရပါတယ်။ ဖိတ်ထားတဲ့ ဧည့်သည်တွေဆီ ဒီစာရင်းကို ပေးပို့ပြီးနောက်မှာတောင် ကြိုက်တဲ့အချိန် ထပ်ထည့်တာ နဲ့ ပယ်ဖျက်တာလုပ်လို့ရပါတယ်။ အွန်လိုင်းကနေ ပြင်လို့ရပါတယ်။ ဒါမှမဟုတ် လူကြီးမင်းရဲ့ပုဂ္ဂိုလ်ရေးအကြံပေးဆီ ဖုန်းဆက်လိုက်ပါ။
မင်္ဂလာလက်ဖွဲ့မှာ ကျွန်ုပ်တို့ရဲ့ပါတနာတွေက ပြုလုပ်ပေးတဲ့ ကမ္ဘာတဝှမ်းက လှပတဲ့နေရာတွေကို သွားဖို့ အပန်းဖြေခရီးစဉ်တွေ ရှိပါတယ်။ လူကြီးမင်းအရမ်းသွားချင်တဲ့ နေရာတစ်ခုကို ရွေးချယ်ပြီး ဧည့်သည်တွေကို ဟန်းနီးမွန်းရန်ပုံငွေထဲ လက်ဖွဲ့ငွေကြေးထည့်ဝင်အောင် ပြုလုပ်နိုင်ပါတယ်။
လက်ဖွဲ့ငွေတွေက ရာနှုန်းပြည့်လုံခြုံပါတယ်။ လူကြီးမင်းရဲ့ဧည့်သည်စာရင်းမှာ ပေးထားတဲ့ ငွေပေးချေမှုတွေကို ထိန်းသိမ်းဖို့ သီးခြား ဖောက်သည်ဘဏ်တစ်ခု ဖွင့်ထားပါတယ်။ ငွေကြေးလုံုခြုံမှုနဲ့ စိတ်အေးချမ်းသာရှိဖို့ ကျွန်ုပ်တို့က အာမခံပါတယ်။
မင်္ဂလာဆောင်ပြီး နောက်တစ်နေ့မှာ လူကြီးမင်းရဲ့စာရင်းကို ပိတ်လိုက်မှာပါ။ ဒါပေမဲ့ တချို့အရာတွေ ပြောင်းလို့ ရပါသေးတယ်။ မင်္ဂလာလက်ဖွဲ့မှာ လူကြီးမင်းတကယ်လိုချင်တဲ့ ပစ္စည်းတွေကိုသာ ရရှိသင့်တယ်လို့ ကျွန်ုပ်တို့ ယုံကြည်ပါတယ်။ ဒီလိုလုပ်လို့ရပါတယ်…သစ်သီးဖျော်စက်ကို လူကြီးမင်းရဲ့ဧည့်ခန်းထဲထားဖို့ ပစ္စည်းတစ်ခုနဲ့ လဲချင်တယ်ဆိုရင် သစ်သီးဖျော်စက်ကို စာရင်းထဲက ဖျက်ပြီး ကြိုက်တာတစ်ခု ပြန်ရွေးလိုက်ပါ။ လူကြီးမင်းရဲ့လက်ဖွဲ့စာရင်း (Gift List) မှာ စုစုပေါင်းတန်ဖိုးကို ဖော်ပြတဲ့ My Wallet ရှိပါတယ်။ ယင်းငွေနဲ့ ကြိုက်တဲ့ပစ္စည်းကို ပြန်ရွေးချယ်နိုင်ပါတယ်။