ကျွန်ုပ်တို့အကြောင်း

မင်္ဂလာလက်ဖွဲ့မှ ကြိုဆိုပါတယ်


ကျွန်ုပ်တို့ကဘာလဲ

မင်္ဂလာလက်ဖွဲ့သည် မြန်မာနိုင်ငံ၏ ပထမဆုံး မင်္ဂလာလက်ဖွဲ့စာရင်းဖြစ်ပါတယ်။ လူကြီးမင်းတို့နဲ့ လူကြီးမင်းတို့ရဲ့ ဧည့်ပရိသတ်တွေအတွက် လုံးဝအခမဲ့ဖြစ်ပါတယ်။

မင်္ဂလာလက်ဖွဲ့ရဲ့ Wedding Registry မှာ လူကြီးမင်းရဲ့မင်္ဂလာနေ့ရက်အတွက် စိတ်ကြိုက် လက်ဖွဲ့စာရင်းတစ်ခုကို လွယ်ကူစွာ ဖန်တီးနိုင်မှာဖြစ်ပါတယ်။

မိမိရဲ့စာရင်းတစ်ခုကို စိတ်ကြိုက်ဖန်တီးပါ။ မိမိစိတ်ကူးယဉ်ထားတဲ့အရာအားလုံးကို ပေါင်းစည်းနိုင်မယ့် လက်ဆောင်တွေကို ရွေးချယ်ပါ။ အဲဒီထဲမှာ လက်ဖွဲ့ပစ္စည်းတွေ၊ ငွေကြေးလက်ဆောင်၊ လက်ဆောင်ကတ်၊ ဟန်းနီးမွန်းအစီအစဉ်တွေ ပါဝင်ပါတယ်။ လက်ဆောင်ကတ်နဲ့ ငွေကြေးလက်ဆောင်တွေမှာ www.mingalarletphwet.com မှာ တင်ထားတဲ့ပစ္စည်းအားလုံးထဲမှ မိမိကြိုက်ရာပစ္စည်းတွေကို ရွေးချယ်နိုင်ပါတယ်။ လက်ဆောင်တစ်ခုတည်းကို နှစ်ခါ မရအောင်လည်း ပြုလုပ်ထားနိုင်ပါတယ်။

ကျွန်ုပ်တို့ရဲ့ ဝန်ဆောင်မှုများ

www.mingalarletphwet.com ရှိ ပစ္စည်းအမျိုးအစား ၅,၀၀၀ ကျော် ကနေ ကြိုက်ရာရွေးချယ်နိုင်ပြီး လူကြီးမင်းတို့ရဲ့ ဧည့်သည်တွေကလည်း လူကြီးမင်းရဲ့မင်္ဂလာလက်ဖွဲ့စာရင်းကမှ သူတို့ပေးချင်တဲ့ လက်ဆောင်ကို ရွေးချယ်ပါလိမ့်မယ်။

ဖေ့စ်ဘွတ်ကနေ ဒါမှမဟုတ် လင့်ခ်ပေးပို့ပြီး သူတို့ဆီကို မိမိရဲ့မင်္ဂလာလက်ဖွဲ့စာရင်းကို မျှဝေပေးနိုင်ပါတယ်။ ဒါမှမဟုတ် မင်္ဂလာဆောင်ဖိတ်စာမှာ လူကြီးမင်းရဲ့မင်္ဂလာလက်ဖွဲ့စာရင်းရဲ့ လင့်ခ်ကို ထည့်သွင်းပေးနိုင်ပါတယ်။

မင်္ဂလာဆောင်ပြီးသွားတဲ့အခါမှာ မင်္ဂလာလက်ဖွဲ့စာရင်းမှာ လက်ခံရရှိတဲ့ စုစုပေါင်းတန်ဖိုးအတိုင်း www.mingalarletphwet.com ဝက်ဘ်ဆိုဒ်မှာ တင်ထားတဲ့ ပစ္စည်းအမျိုးအစား ၅,၀၀၀ ကျော်ကနေ ကြိုက်နှစ်သက်ရာ လက်ဆောင်ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

အွန်လိုင်းလက်ဖွဲ့စာရင်းဟာ မိမိရဲ့ဧည့်သည်တွေကို မိမိဘာလိုချင်တယ်ဆိုတာကို ပြောပြနိုင်တဲ့ အလွယ်ကူဆုံး နည်းလမ်း ဖြစ်ပါတယ်။

မင်္ဂလာဆောင်ပြီးတာနဲ့ ပစ္စည်းပို့ဆောင်စရိတ်ကို ဘယ်သူမှ ပေးစရာမလိုဘဲ လူကြီးမင်းရဲ့အိမ်တံခါးဝအရောက် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ကုန်ပစ္စည်းများ

အိမ်သုံးပစ္စည်းမှအစ ရေချိုးခန်းသုံးသဘက်၊ လူကြီးမင်းရဲ့ဟန်းနီးမွန်းခရီးစဉ်အတွက် ငွေလက်ဖွဲ့အထိ ရှိပါတယ်။ ကျွန်ုပ်တို့ရဲ့ အွန်လိုင်းစာရင်းမှာရှိတဲ့ ပစ္စည်းအမျိုးအစား ၅,၀၀၀ ကျော်ကနေ ရွေးချယ်ပြီး လူကြီးမင်းစိတ်ကြိုက် မင်္ဂလာလက်ဖွဲ့စာရင်းထဲမှာ ထည့်လိုက်ပါ။ တစ်ပြားမှ ကုန်ကျစရာမလိုပါဘူး။

မှတ်ပုံတင်ခြင်း

မှတ်ပုံတင်တာ အရမ်းလွယ်ပါတယ်။

နောက်တစ်ဆင့်အနေနဲ့ လူကြီးမင်းတို့ရဲ့ ဧည့်သည်တွေအတွက် လူကြီးမင်းတို့လိုချင်တဲ့ မင်္ဂလာလက်ဖွဲ့စာရင်းကို ကိုယ်ပိုင်ဓာတ်ပုံတွေ၊ pre-wedding ဓာတ်ပုံတွေ၊ မင်္ဂလာဆောင်နဲ့ပတ်သက်တဲ့ အချက်အလက်တွေထည့်သွင်းပြီး စိတ်ကြိုက်ဖန်တီးလိုက်ပါ။

ပြီးရင်တော့ မိမိကြိုက်တဲ့ လိုချင်တဲ့ မင်္ဂလာလက်ဖွဲ့ပစ္စည်းတွေကို ထည့်သွင်းနိုင်ပါပြီ။

မိမိလိုချင်တဲ့ လက်ဆောင်များ ရွေးချယ်ခြင်း

ကျွန်ုပ်တို့ရဲ့ဝက်ဘ်ဆိုဒ်မှာ အကောင်းဆုံး အရည်အသွေးမီ အမှတ်တံဆိပ်တွေက ထုတ်လုပ်တဲ့ ပစ္စည်း ၅,၀၀၀ ကျော်ထဲက ကြိုက်ရာရွေးချယ်နိုင်ပါတယ်။ မီးဖိုချောင်သုံးပစ္စည်းကအစ ပရိဘောဂပစ္စည်းများနဲ့ လျှပ်စစ်ပစ္စည်းအထိ အစုံရှိပါတယ်။ အားလုံးကို အမျိုးအစားလိုက် ခွဲထားတဲ့အတွက် ရှာဖွေရလွယ်ကူပါတယ်။ လက်ဆောင်ကတ်ကို အမျိုးအစားလိုက် ရွေးချယ်နိုင်သလို မင်္ဂလာလက်ဖွဲ့မှာ ရရှိနိုင်တဲ့ ကမ္ဘာ့အဆင့်မီ ဟန်းနီးမွန်းခရီးစဉ်တွေအတွက် လက်ဖွဲ့ငွေကြေးပေးဖို့လည်း ဧည့်သည်ကို တောင်းဆိုနိုင်ပါတယ်။ မင်္ဂလာဆောင်နေ့မှာ လက်ခံရယူရမယ့် ပစ္စည်းတွေနဲ့ပတ်သက်ပြီး စိတ်ကြိုက်ရွေးချယ်နိုင်မှာဖြစ်ပြီး လုပ်ဆောင်ချက်အားလုံးအတွက် လူကြီးမင်းကို ဝန်ဆောင်မှုကောင်းမွန်လှတဲ့ အဖွဲ့တစ်ဖွဲ့ကလည်း လမ်းပြကူညီပေးသွားမှာပါ။

လူကြီးမင်းတို့ဖိတ်ကြားထားသည့် ဧည့်သည်များ

လူကြီးမင်းတို့ဖိတ်ကြားထားတဲ့ ဧည့်သည်များကလည်း လူကြီးမင်းရဲ့လက်ဖွဲ့စာရင်းကို www.mingalarletphwet.com မှာ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ ဒါမှမဟုတ် သူတို့ဆီကို လူကြီးမင်းတို့ရဲ့မင်္ဂလာလက်ဖွဲ့စာရင်းလင့်ခ်ကို ပေးပို့နိုင်ပါတယ်။ အဲဒီစာရင်းမှာ လူကြီးမင်းတို့ရဲ့ မင်္ဂလာဓာတ်ပုံတွေ၊ နှုတ်ခွန်းဆက်စာတွေနဲ့ လူကြီးမင်းတို့ရဲ့ဘဝကို ပျော်ပျော်ရွှင်ရွှင်၊ စိတ်အေးချမ်းသာစွာနဲ့ စတင်ဖို့ရန်အတွက် လိုအပ်တဲ့ပစ္စည်းတွေကို သူတို့အနေနဲ့ရှာဖွေကြည့်ရှုနိုင်မှာပါ။ ဖိတ်ကြားထားတဲ့ ဧည့်သည် အရေအတွက်ထက်ပိုပြီး လက်ဆောင်တွေကို ရွေးချယ်ထားဖို့ အကြံပြုပါရစေ။ ဧည့်သည် ၁၀၀ ဖိတ်ထားတယ်ဆိုရင် လက်ဆောင် ၁၅၀ ကျော် ရွေးချယ်မှ ဧည့်သည်အတွက် ရွေးချယ်စရာ ပိုပြီး များမှာ ဖြစ်ပါတယ်။ ဧည့်သည့်တစ်ဦးက လူကြီးမင်းတို့ရဲ့လက်ဖွဲ့စာရင်းက ပစ္စည်းတစ်ခုကို ရွေးချယ်လိုက်ပြီဆိုရင် သူတို့အနေနဲ့ ငွေကြေးကို အီလက်ထရောနစ်စနစ်နဲ့ဖြစ်စေ ငွေကြေးနဲ့ဖြစ်စေ ပေးချေရပါလိမ့်မယ်။ ငွေကြေးပေးချေမှုလုပ်ငန်းစဉ် ပြီးစီးသွားပြီဆိုရင်တော့ လူကြီးမင်းဆီကို လက်ခံရရှိကြောင်း အသိပေးချက် ရောက်ရှိလာမှာ ဖြစ်ပြီး ဒီလက်ဆောင်ပစ္စည်းကို နောက်တစ်ဦးက ထပ်မပေးမိစေဖို့အတွက် လူကြီးမင်းရဲ့စာရင်းကနေ ရရှိပြီး လက်ဆောင်ပစ္စည်းက အလိုအလျောက် ပျက်ပြယ်သွားပါလိမ့်မယ်။

ပျော်ရွှင်ဖွယ် မင်္ဂလာအချိန်အခါ ပြီးသွားပြီးတဲ့နောက်

လူကြီးမင်းတို့က ပျော်ရွှင်စရာ မင်္ဂလာနေ့ရက်ကို ကျင်းပပြီးချိန်မှာ မင်္ဂလာလက်ဖွဲ့က လူကြီးမင်းတို့ရဲ့ မင်္ဂလာလက်ဖွဲ့ပစ္စည်းသစ်တွေအတွက် တာဝန်ယူဆောင်ရွက်ပေးပြီးဖြစ်နေမှာပါ။ လက်ဖွဲ့ပစ္စည်းတွေကို အိမ်အရောက် ပို့ဆောင်ဖို့အချိန််ပါပဲ။ လက်ဆောင်ပစ္စည်းတွေကို လက်ခံကြည့်ရှုဖို့ အဆင်သင့်ဖြစ်ချိန်မှာ မိမိရဲ့စာရင်းထဲကို ဝင်ပြီး My Gifts မှာ ကလစ်နှိပ်ကြည့်လိုက်တဲ့အခါ လူကြီးမင်းတို့ကို ပေးထားတဲ့ ပစ္စည်းတွေကို မြင်တွေ့ရမှာပါ။ လက်ဖွဲ့အားလုံးရဲ့ စုစုပေါင်းတန်ဖိုးကိုလည်း မြင်တွေ့ရပါလိမ့်မယ်။

အခု ပျော်ရွှင်စရာအချိန်စပါပြီ။ ကြိုက်တာ ရွေးချယ်နိုင်ပါပြီ။

၁။ ဘာပစ္စည်းတွေကို ယူချင်လဲ

၂။ ဘယ်ပစ္စည်းကို ကျွန်ုပ်တို့ရဲ့ဝက်ဘ်ဆိုဒ်မှာတင်ထားတဲ့ အခြားပစ္စည်းတွေနဲ့ လဲလှယ်ချင်သလဲ

အရင်က လူကြီးမင်းရဲ့မင်္ဂလာလက်ဖွဲ့စာရင်းမှာ ထည့်ထားတဲ့ အိပ်ရာခင်းတွေနဲ့ သစ်သီးဖျော်စက်ကို မလိုချင်တော့ဘဲ မိုက်ခရိုဝေ့တစ်လုံးပဲ လိုချင်တယ်ဆိုပါစို့။ My Gifts မှာရှိတဲ့ လူကြီးမင်းမလိုချင်တဲ့ ပစ္စည်းတွေကို ပယ်ဖျက်လိုက်တာနဲ့ ယင်းပစ္စည်းတွေရဲ့ တန်ဖိုးက My Wallet ထဲကို အလိုအလျောက် ရောက်ရှိအောင် မင်္ဂလာလက်ဖွဲ့က ပြုလုပ်ပေးထားပါတယ်။ My Wallet မှာရှိတဲ့ ငွေကြေးတွေကို ကျွန်ုပ်တို့ဝက်ဘ်ဆိုဒ်မှာရှိတဲ့ အခြားပစ္စည်းတွေနဲ့ လဲလှယ်ရာမှာ အသုံးပြုနိုင်ပါတယ်။

လှပတဲ့ မင်္ဂလာလက်ဆောင်ပစ္စည်းတွေကို လက်ခံရယူရတာ စိတ်လှုပ်ရှားပျော်ရွှင်စရာကောင်းတယ်ဆိုတာ နားလည်ပါတယ်။ လက်ဆောင်တွေကို လက်ခံဖို့ အသင့်ဖြစ်ပြီဆိုတာနဲ့ ကျွန်ုပ်တို့ကို အကြောင်းကြားလိုက်ပါ။ ရန်ကုန်၊မန္တလေး၊နေပြည်တော်၊တောင်ကြီးမှာရှိတဲ့ မည်သည့်နေရာကိုမဆို ပစ္စည်းတွေကိုအရောက် ပို့ဆောင်ပေးဖို့ စီစဉ်ပေးမှာပါ။

မင်္ဂလာဧည့်ပရိသတ်များအတွက်

မင်္ဂလာဇနီးမောင်နှံအတွက် မင်္ဂလာလက်ဆောင်ကို မင်္ဂလာလက်ဖွဲ့ မှာ ဝယ်ယူရတာ အရမ်းလွယ်ကူပါတယ်။ သတို့သားနဲ့ သတို့သမီးတို့ရဲ့ မင်္ဂလာလက်ဖွဲ့စာရင်းမှာ မိမိကြိုက်ရာလက်ဆောင်ကို ကလစ်နှိပ်လိုက်ရုံပါပဲ။ လူကြီးမင်းအနေနဲ့ ဘယ်ပစ္စည်းကိုပဲရွေးရွေး အဲဒါတွေအားလုံးက သူတို့လိုချင်တဲ့အရာတွေချည်းဆိုတာ သေချာပါတယ်။

လက်ဆောင်ကတ်ဝယ်ပြီးတော့လည်း သူတို့ကို ငွေကြေးလက်ဆောင်ပေးဖို့ ရွေးချယ်နိုင်ပါတယ်။ သူတို့ရဲ့ ဟန်းနီးမွန်းအတွက် ငွေကြေးထည့်မလား ဒါမှမဟုတ် သူတို့ကို ငွေသားချည်းပေးချင်လား ကြိုက်ရာရွေးနိုင်ပါတယ်။

လက်ဆောင်ရွေးချယ်ပြီးတာနဲ့ ငွေကို ဘယ်နည်းနဲ့ ချေချင်လည်း ရွေးပါ။ အွန်လိုင်းကပေးနိုင်သလို ငွေသားနဲ့လည်း ပေးနိုင်ပါတယ်။

လူကြီးမင်းရဲ့ငွေပေးချေမှုအတွက် လုံခြုံစိတ်ချရမှုကို ရာနှုန်းပြည့်အာမခံပါတယ်။

ငွေပေးချေမှုလုပ်ငန်းစဉ် ပြီးတာနဲ့ သတို့သားနဲ့ သတို့သမီးက သင်ပေးတဲ့လက်ဆောင်ကို ရရှိကြောင်း မက်ဆေ့တစ်စောင် လက်ခံရရှိပါလိမ့်မယ်။

အရမ်းလွယ်တယ်နော်။